ကရသူရိ သြဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ကျောင်းသား/သူကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ပြိုင်ပွဲများကျင်းပခြင်းကို ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေး၊ စာဖတ်ဝါသနာရှင်ကလေးများတိုးပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြိုင်ပွဲများအား စဉ်ဆက်မပြတ်ကျင်းပပြုလုပ် ပေးလျက်ရှိရာ အဆိုပါပြိုင်ပွဲများတွင် ဒိုးဆက်ကစားခြင်း၊ ရှက်(Chess)ထိုးကစားခြင်း၊ အရုပ် ခေါက်ခြင်းတို့ကို ပျော်ရွှင်စွာကစားခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)