မင်းဘူးမြို့တွင် လမ်းမနှင့် နေအိမ်အမိုးပေါ်သို့ မန်ကျည်းပင်တစ်ပင် လဲကျနေသဖြင့် ဖယ်ရှားရှင်းလင်း

မင်းဘူး  ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ် (၄) နယ်မြေ ရှမ်းစုရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပွ၍ မန်ကျည်းပင်တစ်ပင် လမ်းနှင့် နေအိမ်တစ်လုံးပေါ်သို့ လဲကျနေကြောင်း သိရသည်။

အဆိုပါ မန်ကျည်ပင်မှာ မင်းဘူးမြို့၊ အမှတ် (၄) ရှမ်းစုရပ်ကွက်၊ ချမ်းသာကြီး-မှန်ကင်းကျောင်းလမ်းဘေးမှ လုံးပတ် ၂၀ ပေ၊ အမြင့် ၁၀၀ ပေရှိ မန်ကျည်းပင်ဖြစ်ပြီး မိုးရွာသွန်း၍ မြေပွကာ လမ်းနှင့် အိမ်တစ်လုံးပေါ်သို့ လဲကျနေကြောင်း သတင်းရရှိသဖြင့် အမှတ် (၄) အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မင်းဘူးမြို့ မီးသတ်စခန်းမှ ဒုမြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုဦးနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဖယ်ရှားကာ ကူညီဆောင်ရွတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မန်ကျည်းပင်လဲကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုမရှိသော်လည်း နေအိမ်အမိုးနှင့် သွပ်များ အနည်းငယ် ထိခိုက်ပျက်စီးသွားသဖြင့် သက်ဆိုင်ရာဌာနများမှ လိုအပ်သော ကူညီစောင့်ရှောက်မူများဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရန် အမြန်ဆုံး ရှင်းလင်းဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)