စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခြင်းနှင့် အောင်ချမ်းသာ ရပ်ကွက်ရှိ အောင်ဆုပြည့်လမ်း နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းနေမှုကြည့်ရှုစစ်

မုံရွာ၊ သြဂုတ်

မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာ တော်များ ဝါတွင်းကာလအတွင်း စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများကျင့်ကြံအား ထုတ်ပွားများနိုင်စေရန်နှင့် ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် သြဂုတ်လ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်း တိုက်ကြီးနှင့် ရွာဦးကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် မျိုး ဆက်ကပ်လှူ ဒါန်းပွဲအခမ်းအနားကို ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

အဆိုပါ ကျောင်းတိုက်ကြီး တိုက်ရှိ ဆရာတော်၊သံဃာတော် ၂၉၈ ပါးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် - ၄၉ အိတ်၊ ဆီ - ၈၉ ပိဿာ၊ ဆား - ၃၇ ပိဿာ၊ ပဲ - ၈၉ ပိဿာအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။   

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော် များနှင့် ရပ်ကွက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရေးအတွက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် အောင်ချမ်းသာ ရပ်ကွက်၊ အောင်ဆုပြည့်လမ်း အရှည် - ၁၆၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ ကြသည်။

ဦးစွာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင် ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလ အတွင်းစံချိန်စံ ညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် ဆောင်ရွက်ပြီးစီးရေးတို့အားမှာကြားကာ ရှင်းလင်းတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ပြီး နိုင်လွန်ကတ္တရာလမ်းခင်းကျင်းနေမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။