ဟင်္သာတ သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည် နှင့်တာဝန်ရှိသူ များသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ သြဂုတ် ၇ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဟင်္သာတမြို့နယ်ရှိ ဖောင်ဆိပ်ဘုန်းတော်ကြီးကျောင်းပျက်စီးခဲ့မှု အခြေအနေ၊ အမက(ဖောင်ဆိပ်)ကျောင်းဝန်းအတွင်းရှိ School Cum Shelter ကျောင်းဆောင်အတွင်း ရေဝင်ရောက်နေမှုအခြေအနေ၊ ဧရာဝတီမြစ်ရေ အခြေအနေနှင့်တာခိုင်ခံ့မှု အခြေအနေများ ၊ မြစ်ကမ်းပါးပြိုကျနေမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနများနှင့် အမြန်ပေါင်းစပ်ညှိနှိုင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)