ပေါင်းတည်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များမှ အခြေခံစားသုံးသူအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

ပေါင်းတည် သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ရပ်ကွက် ၁၂ ရပ်ကွက်ရှိ စားသုံးသူအိမ်ထောင်စုများနှင့် ဌာနဆိုင်ရာ၀န်ထမ်းများအား ဩဂုတ် ၆ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီပိဿာ (၁၃၂၀) ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။

မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီအရောင်းဆိုင် ၆ ဆိုင်က အခြေခံအိမ်ထောင်စုများကို စားအုန်းဆီတစ်ပိသာလျှင် ၆၂၀၀ ကျပ် စျေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားစီ ရောင်းချပေးခဲ့ကြောင်းနှင့် အဆိုပါဒေသသတ်မှတ်စျေးနှုန်းဖြင့် စနစ်တကျရောင်းချနိုင်ရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာ၀န်ခံအရာရှိ ဦးနိုင်၀င်းသိန်း၊ ပေါင်းတည်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဒေသခံစားသုံးသူပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကိုလည်း ဆီကိုယ်စားလှယ် (၆) ဦးတို့က သတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။

ရွှေသား (ပြန်/ဆက်)