ဟင်္သာတ သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီ အရောင်းဆိုင်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမူရှိမရှိတို့အား ပူးပေါင်းအဖွဲ့များနှင့် ယမန်နေ့ နေ့လည်ပိုင်းက စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ ထိမ်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဝင် အဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊စားသုံးသူရေးရာဥှီးစီးဌာနတို့မှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချမှုရှိမရှိ၊ အကန့်အသတ်ဖြင့်ရောင်းချမှုရှိမရှိ ၊ချိန်တွယ်မှန်ကန်မူ ရှိမရှိ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမူများ၊ စက်သုံးဆီများ သိုလှောင်ထားရှိမူ အခြေအနေတို့ကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင်လိုက်လံစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)