မုံရွာ ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ မုံရွာမြို့ တွင်တိုင်းငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အသင်းဥက္ကဋ္ဌ၊ အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသား/အသင်းသူများ စုစုပေါင်း (၁၂၂) ဦး တက်ရောက်ခဲ့သည်။
ထို့နောက် တိုင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက် သဘာပတိမှအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်များ၊ အသင်းမှ အသင်းသားများကို တစ်ဖက်တစ်လမ်းမှ အကျိုးကျေးဇူးရှိခြင်းတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး (၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာနှင့် ရှေးလုပ်ငန်းစဉ်များကို အမှုဆောင် (၁) ဦးက လည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများကို တာဝန်ကျစာရင်းစစ်မှလည်းကောင်း၊ ဒါရိုက်တာအဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းတို့အား ဖတ်ကြားရှင်းလင်းမှုများအပေါ် သဘာပတိမှ အတည်ပြုခဲ့ကာ အသင်းသား/အသင်းသူများအား အစုပေါ်အမြတ် (၁၄၅၆) ကျပ်သိန်းနှင့် စုဆောင်းငွေပေါ်အတိုး (၂၉.၆၇၇) ကျပ်သိန်းတို့အား ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)