အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

အိမ်မဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို အ.လ.က လက်ပံကုန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောပေးခဲ့သည်။ထို့နောက် ကျောင်းသား/သူများအား အသိပညာရရှိစေမည့် စာအုပ်စာစောင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက် ထားရှိမှု နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဆရာ/မ များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)