ညောင်လေးပင် ဩဂုတ် ၆
ပဲခူးမြို့တွင် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက် (၂၀)နှင့်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ညောင်လေးပင်ခရိုင်ကိုယ်စားပြု အသက် (၂၀)နှင့်အောက် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မနက် ၁၁ နာရီခွဲအချိန်က ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ထမဆုရရှိခဲ့သော ညောင်လေးပင်ခရိုင် ကိုယ်စားပြု အသက်(၂၀) နှင့်အောက် အမျိုးသမီးဘောလုံးအသင်းဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်၊
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ညောင်လေးပင်မြို့နယ် တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ဆုရအမျိုးသမီးဘောလုံးအသင်းဝင်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဆုရဘောလုံးအသင်းသားများအား ဂုဏ်ပြုနေ့လည်စာဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)