မော်လိုက် ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက ကြီးမှူးဖွင့်လှစ်သောစီမံခန့်ခွဲရေး(၁)နှင့် စာရေးအဆင့်(၃)များ မွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာသင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က “ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ယခင်ကထက်ပို၍ စွမ်းဆောင်ရည် မြှင့်မားလာစေရန် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းပိုင်းများတွင် တိကျမြန်ဆန်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် သင်တန်းကပို့ချတဲ့ အတွေ့အကြုံများကို ဂရုတစိုက် သင်ယူစေလိုကြောင်း” ပြောကြားသည်၊၊
အဆိုပါသင်တန်းကို (၅-၈-၂၀၂၄)ရက်နေ့မှ (၉-၈-၂၀၂၄)ရက်နေ့အထိ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၁၈ ခုနှစ်) ဘာသာရပ်ကိုလည်းကောင်း၊ ခရိုင်စာရင်းစစ် အရာရှိက ဌာနဆိုင်ရာငွေစာရင်းများ ပြုစုခြင်း ဘာသာရပ်ကိုလည်းကောင်း၊ ခရိုင်စီမံကိန်းဦးစီးမှူးက စီမံကိန်းဆိုင်ရာစာရင်းပြုစုခြင်း ဘာသာရပ်ကိုလည်းကောင်း၊ မြန်မာ့စီပွားရေးဘဏ် လက်ထောက်မန်နေဂျာက ဘဏ်စာရင်းဖွင့်လှစ်ခြင်း ဘာသာရပ်ကိုလည်းကောင်း ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၁၃)ဦးတို့အား ပရိုဂျက်တာဖြင့်ပြသ၍ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထက်(ခရိုင်ပြန်/ဆက်)