ငွေဆောင် သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား Clean City, Green City, Smart City ဖြစ်ပေါ်လာစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦး၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များမှ မြို့ဝင်ဆိုင်းဘုတ်အား အလှဆင်ခြင်း၊ မြို့အဝင်လမ်းမကြီးလမ်းဘေးဝဲယာတစ်လျှောက်အား မြက်ရှင်းခြင်း၊ ပလက်ဖောင်းများနှင့် အလှပန်းခြံများအား ဆေးရောင်စုံသုတ်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ကားလမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မိုးရာသီကာလ၌ မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုမ ဖြစ်ပွားစေရေးတို့အတွက် ရေမြောင်းများပြန်လည်တူးဖော်ခြင်း၊ ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များ ဆယ်ယူခြင်း၊ ရေမြောင်းအသစ်များ တိုးချဲ့တူးဖော်ခြင်းတို့အားလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)