ပဲခူး ဩဂုတ် ၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှ ဩဂုတ်လအတွင်းဆောင်ရွက်ရမည့် အသက် ၁၈ နှစ်နှင့်အထက် (စတုတ္ထအကြိမ်)စာရင်းများစစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းဆောင်ရွက်ထားရှိခြင်း လုပ်ငန်းများကို ဇွန်လ(၂၀)ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စာရင်းစစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများပူးပေါင်းကာ စာရင်းများမှားယွင်းမှုမရှိစေရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)