ကျောင်းကုန်းမြို့ ဒါးကမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်တွင် တည်ရှိနေ

ကျောင်းကုန်း ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေသည် ယနေ့နံနက်ပိုင်း၌ စိုးရိမ်ရေအမှတ်အထက်တွင် တည်ရှိနေဆဲဖြစ်သည်။

ကျောင်းကုန်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒါးကမြစ်ရေမှာ အန္တရာယ်ရေအ မှတ် (၂၀)ပေသို့ ရောက်ရှိခဲ့ပြီး၊ ယနေ့နံနက်အထိ (၁)ပေကျော် ပြန်လည်ကျဆင်းခဲ့သော်လည်း စိုးရိမ်ရေအမှတ် (၁၈)ပေ အထက်တွင် တည်ရှိနေဆဲဖြစ်သည်။ "တက်တုန်းက တစ်နေ့ကို (၁)ပေနီးပါး မြင့်တက်သော်လည်း ရေပြန်ကျတဲ့အခါမှာ (၅)ရက်ကြာမှ (၁)ပေကျော် သာရှိကြောင်း" ဒေသခံတစ်ဦးက ပြောသည်။

ဝင်းကြိုင်(ပြန်/ဆက်)