ရေတာရှည်မြို့နယ်၌ သမဝါသမအသင်းစုလီမိတက်၏ (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမူဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် သမဝါယမဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က သမဝါသမအသင်းစုလီမိတက်၏ (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမူဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား သဘာပတိဦးသန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က လမ်းညွှန်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ရေတာရှည်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီး​​အရာရှိ ဦးအောင်သန်းဦးတို့က အမှာစကားများ ပြောကြားပြီး ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ယာယီကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်စာရင်းရှင်းတမ်း၊ ဘဏ္ဍာရေးရှင်းတမ်းများအား ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ရေတာရှည်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်များ ရွေးချယ်ခြင်းနှင့် အတည်ပြုချက်များအား တက်ရောက်ကြသည့် အသင်းဝင်ကိုယ်စားလှယ်များမှ ရွေးချယ်တင်မြှောက်ကြရာ သဘာပတိဦးတင်လတ်မှ ရာထူးခွဲဝေသတ်မှတ်ချက်များနှင့်အညီ အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)