ဒေးဒရဲမြို့၌ တိရစ္ဆာန်အစာကောက်ရိုးမှ တန်ဖိုးမြှင့်အစာအဖြစ် ပြုပြင်ကျွေးမွေးနည်းစနစ်များအား တောင်သူများအား အသိပညာပေးဖြန့်ဝေ

ဒေးဒရဲ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်မွေးမြူ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျွဲ၊ နွားမွေးမြူလျက်ရှိသည့် ‌တောင်သူများအား တိရစ္ဆာန်အစာ ပေါများစေရန်နှင့် ဒေသထွက်တိရစ္ဆာန်အစာများအား တန်ဖိုးမြှင့်တိရစ္ဆာန်အစာအဖြစ် ပြုပြင် ကျွေးမွေးနိုင်ရေးအတွက် ကောက်ရိုးကို စနစ်တကျ ထုတ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကိုယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များကို တောင်သူပညာပေးလုပ်ငန်းများအဖြစ် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက တော်ကမယ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှေးဦးစွာ‌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလှိုင်ဖုန်းမြင့်က တောင်သူများအား တိရစ္ဆာန်အစာကို တန်ဖိုးမြှင့်ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူး များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တန်ဖိုးမြှင့်တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွေးနိုင်ရေးအတွက် ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကိုယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များကို လက်တွ့သရုပ်ပြသ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခြင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တောင်သူပညာပေး သရုပ်ပြသပွဲတက်ရောက်လာသည့် တောင်သူများအား ပြုပြင်ထားသော ကောက်ရိုးအိတ်များ၊ မွေးမြူရေးအတွက် အကျိုးရှိရှိအသုံးပြုနိုင်သည့် EM အရည်ဘူးများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း