ဒေးဒရဲ သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေး၊ စာအုပ်စာပေလေ့လာဖတ်ရှုမှုတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိလာစေရေး ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အသိပညာပေး ဟောပြောပွဲများနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက်ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတိုးပွားစေရေးအတွက် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေဇာလင်း