သရက် ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခြင်းကို ယနေ့ နံက်(၁၀)နာရီက ရွှေဘုံသာအခြေခံမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အစာအုပ်စု(၃)အုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကနှင့် အဖွဲ့ဝင်များ ကျောင်းသား/ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)