(၁၃၁) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်မည်

မြင်းမူ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ သိမ်ကျောင်း ဆရာတော်  အရှင်အာဒိစ္စာလက်ာရ (လူမှုထူးချွန် ပထမအဆင့်) ဆရာတော် ဦးဆောင်သည့် စေတနာ သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၉) နာရီအချိန်တွင် ဆရာ တော်၏ကျောင်းတိုက်အတွင်းပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

ကျေးရွာအတွင်းရှိသွေးလှူရှင်(၁၇၀)ဦးက သွေးလှူဒါန်းပေးကြမည်ဖြစ်ပြီး မန္တလေးမြို့သွေးလှူ ဘဏ်မှ   ဆရာ/ဆရာမများက လာရောက်ပြီး လက်ခံရယူကြ မည်ဖြစ်ကြောင်း၊ ကျေးရွာအတွင်း သွေးလှူ အသင်းကို ဖွဲ့စည်းထားပြီး သွေးလှူရှင်အင်အား(၄၀၀)ကျော်ရှိကြောင်း၊ နှစ်စဉ် မန္တလေးဆေးရုံကြီးသွေး လှူဌာနနှင့် ပြင်ဦးလွင်မြို့၊ အခြေချကုတင်(၇၀၀)စစ်ဆေးရုံများသို့ သွားရောက်ကာ သွေးလှူဒါန်းခြင်းများ ပြုလုပ်ပေးလျှက်ရှိကြောင်း သွေးလှူရှင်ဆရာတော် အာဒိစ္စလက်ာရ၏မိန့်ကြားချက်အရသိရှိရသည်။

ဆရာတော်ဦးဆောင်သည့် ထီးဆောင်းစံပြကျေးရွာရှိ  စေတနာသွေးလှူရှင်များက သွေးလိုအပ် မှုရှိသည့် ပြင်ဦးလွင်မြို့ရှိ တပ်တော်ဆေးရုံအပါအဝင် ရန်ကုန် ပြည်သူ့ဆေးရုံနှင့် မန္တလေးမြို့ ပြည်သူဆေးရုံများသို့ သွေးလှူဒါန်းခဲ့သည်မှာ (၁၃၁) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ပြီးှိ

င်၊ မြင်းမူမြို့နယ်အတွင်'ရှိသည့်မိုးစပါးးးကိုomic Relief Plan (CERP)အစီအစဉ်ဖြင့် မိုးစပါး(၂၅၉)

စီး'င့်ပါတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ရန်လို

အောင်စိုးဖေ (မြင်းမူ)