သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့် ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း (၁၄၄) ကျောင်း ယာယီပိတ်ထားရ

သာပေါင်း ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝန်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း(၁၂)ကျောင်းအား ဇူလိုင်လ ၃၁ ရက်နေ့က ထပ်မံယာယီပိတ်ထားခဲ့ရသည်။

ငဝန်မြစ်ရေကြီးမြင့်တတ်၍ ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကွင်းပေါက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခေနန်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလဲကြီး၊ အခြေခံပညာအလယ်တန်းကျောင်း(ညောင်ကွင်းအလယ်စု)၊ အခြေခံပညာအလယ်တန်းကျောင်း(ကြာကန်)၊ အခြေခံပညာအလယ်တန်းကျောင်း(သရက်တော)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဒည်ကုန်း)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(သင်္ကန်းပင်ဆိပ်)၊ အခြေခံပညာမူလတန်းကျောင်း(တင်းကုတ်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း(လက်ခုပ်ရွာသစ်)၊ အခြေခံပညာမူလတန်းကျောင်း(ရွှေလှေကွင်း)၊ အခြေခံပညာမူလတန်းကျောင်း(အင်းကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(သစ်ပုတ်ကုန်း)၊ အခြေခံပညာ မူလတန်းကျောင်း(ဘုရားကြီး)၊ အခြေခံပညာမူလတန်းကျောင်း(လိန်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(အငူကြီး)၊ အခြေခံပညာမူလတန်းကျောင်း(မယင်းချောင်)၊ အခြေခံပညာမူလတန်းကျောင်း(ဂွေးတောက်ကွင်း)၊ အခြေခံပညာမူလတန်းကျောင်း(ဆိပ်ကြီး ပေါက်လွတ်)၊ အခြေခံပညာမူလတန်းကျောင်း(မာလကာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(ကတတ်ရိုး) ကျောင်းတို့ (ဇူလိုင်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်)နေ့အထိ ပိတ်ထားပေးရာ၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် အခြေခံပညာမူလတန်းကျောင်း(သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(သရက်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(သာယာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(သောင်ရွာ) ကျောင်းတို့ထပ်မံ ပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း(ဘုရားကုန်း)၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ဆောင်ဘုံ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လဟာဂမုံ၊ အခြေခံပညာမူလတန်းကျောင်း(လေးအိမ်တန်း)၊ အခြေခံပညာမူလတန်းကျောင်း(သုံးအိမ်စု)၊ အခြေခံပညာမူလတန်းကျောင်း(ကျွန်းပုလု)၊ အခြေခံပညာမူလတန်းကျောင်း(ဝဲကြီးဒေါင့်)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(ညောင်ကုန်းလေး)၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အခြေခံပညာမူလတန်းကျောင်း(ဂွတော)၊ အခြေခံပညာမူလတန်းကျောင်း(သံပရာချောင်)၊ အခြေခံပညာမူလတန်းကျောင်း(ဆည်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(ငှက်စပ်ကျွန်း)၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် အခြေခံပညာမူလတန်းကျောင်း(ဝင်္ကဘာ)၊ အခြေခံပညာမူလတန်းကျောင်း(ကျွန်းကလေး)၊ အခြေခံပညာမူလတန်းကျောင်း(မိချောင်းဂေါင်း)၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)(၃)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၂) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၃၇)ကျောင်း၊ အခြေခံပညာမူလတန်း‌ကျောင်း(ခွဲ)(၁)၊ဇူလိုင်လ(၃၀)ရက်နေ့တွင်

အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁၈)ကျောင်း၊ အခြေခံပညာမူလတန်း‌ကျောင်း(ခွဲ)(၁)၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် အခြေခံပညာအလယ်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာအလယ် တန်း‌ကျောင်း(ခွဲ)(၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၈)ကျောင်းတို့ ထပ်မံပိတ်ပေးထားလိုက်ရပြီး ပေါင်း(၁၄၄)ကျောင်းအား (ဇူလိုင်လ ၂၂/၂၃/၂၄/၂၅/၂၆/၂၉/၃၀/၃၁ ရက်နေ့မှ ဩဂုတ်လ ၁/၅ ရက်နေ့)အထိ (၅/၄/၃)ရက် ယာယီပိတ်ထားရှိပြီး ကျောင်းပိတ်ရက်များကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပြန်လည်အစားထိုး သင်ကြားသွားမည်ဖြစ်ရာ ငဝန်မြစ်ရေကြီးမြင့် ရေဝင်ရောက်လာမှုကြောင့် ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)