ရှေ့တန်းရောက်တပ်မတော်သာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က စားသောက်ဖွယ်ရာများ လှူဒါန်း

ပုသိမ် ဩဂုတ် ၃

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က  စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့်  စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အဆိုပါ စားသောက်ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ခေါက်ဆွဲခြောက် အထုတ်(၁၅၀၀၀)၊ ကော်ဖီမစ် အထုတ်(၃၀၀၀၀)၊ ငါးသေတ္တာ ဘူး(၆၀၀၀)၊ ဆေးပေါ့လိပ် အထုတ်(၃၀၀၀)နှင့် ဘီစကစ် အထုတ် (၁၅၀၀၀)စသည့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည့်အပြင် “ရှေ့တန်းရောက်တပ်မတော်သားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပြီး အနန္တောအနန္တ ငါးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်းကြပါစေ၊ အစအစအရာရာ အဆင်ပြေချော့မွေ့ကြပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကိုပါ ထည့်သွင်းပေးပို့ကြကြောင်း သိရသည်။

အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင် ပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)