အိမ်မဲ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံကျောင်းများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပြသခဲ့သောဆရာ/မ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းကျောင်းအဆင့် အောင်ချက်အကောင်းဆုံး ကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်းခွဲအဆင့် အောင်ချက်အကောင်း ဆုံးကျောင်း (၃) ကျောင်း၊ (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၁၄) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅၂)ဦး၊ (၁)ဘာသာဂုဏ် ထူးရှင် (၇၃) ဦးနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြားပေးခဲ့သည့် ဆရာ/မ (၆၀)ဦး တိုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က (၁)၊ (၂) မှကျောင်သား/သူများ၊ ဆိုကရေးတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့်ပြိုင်ပွဲဝင်များက အဆို၊ အက၊ အလှအပ ပဒေသာများဖြင့်ကပြဖျော်ဖြေခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရကျောင်းသား/သူ များနှင့်မိဘများ၊ ဆရာ/မများ တက်ရောက်ခဲ့သည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)