ရွှေသောင်ယံ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် အသက် (၂)လမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသက် (၂) လမှ (၁) နှစ်ခွဲ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သောကျန်းမာရေးများ စစ်ဆေးပေးခြင်း၊ကာကွယ်ဆေးများထိုးပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာသို့ ရွှေသောင်ယံမြို့၊ ရပ်ကွက် (၁၊၂၊၃) မှကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များလာရောက်၍ ထိုးနှံခဲ့ကြကြောင်းသိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)