ပခုက္ကူမြို့နယ်၊ ကန်စောင့်ကျေးရွာတွင် တူးဖော်သည့် စက်ရေတွင်းမှ တစ်နာရီလျှင် ရေဂါလံ ၂၅၀၀ ခန့်ထွက်ရှိ

ပခုက္ကူ  နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်စောင့်ကျေးရွာတွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ပေးရာ တစ်နာရီလျှင် ရေဂါလံ ၂၅၀၀ခန့် ထွက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇုန်ကျေး လက်ရေရရှိရေး စီမံကိန်း (JICA) ဖြင့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပခုက္ကူမြို့နယ်၊စဘေအုပ်စု၊ ကန်စောင့်ကျေးရွာတွင် အချင်းခြောက်လက်မ၊ အနက် ပေ၇၀၀ရှိသည့် စက်ရေတွင်းအား ဦးစီးဌာန၏ စက်အမှတ် (DRD-010) ရေတွင်းတူးစက်ဖြင့် တူးဖော်ကြရာ တစ်နာရီလျှင် ရေဂါလံ ၂၅၀၀ခန့်ထွက်ရှိ သည်အထိ အောင်မြင်စွာ  တူးဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် ကြောင်းသိရသည်။

အဆိုပါစက်ရေတွင်း တူးဖော်ဆောင်ရွက်မှုများအား လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး နံနက်၉နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး နည်းပညာ ဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ်ဆောင် ရွက်ပေးကြကြောင်း၊ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးအောင်မြင်ပါက ကန်စောင့်ကျေးရွာနေ အိမ်ခြေ(၁၇၂)အိမ်ရှိ လူဦးရေ(၈၄၃)ဦးတို့ အတွက် သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဒေါ်ခင်ဇာဝင့်က ပြောသည်။

ဆလိုင်းကိုကီး