ငွေဆောင်နယ်မြေရဲစခန်း၌ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ငွေဆောင် သြဂုတ် ၂

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပုသိမ်မြို့နယ်၊ ငွေဆောင်နယ်မြေရဲစခန်း မိသားစုတို့၏ ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ််တို့အား ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဆွမ်း၊ ခဲဖွယ်၊ ချိုချဥ်အရသာတို့နှင့်အတူ ဒါတဗ္ဗဝတ္ထုအစုစုတို့ ဆက်ကပ်လှူဒါန်းခြင်းအား ယနေ့နံနက် ၅ နာရီအချိန်က ငွေဆောင်နယ်မြေရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ငွေဆောင်မြို့၊ မရမ်းကုန်းသီလရက္ခိတကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရှင်ကေလာသနှင့် သံဃာတော် (၄) ပါး၊ မြို့ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ထို့နောက် အစီအစဥ်အရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးနောက် တက်ရောက်လာကြသူများမှ သီလရက္ခိတ ကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရ ဇ္စျာယ်ပေးကြသည်။ ဆက်လက်ပြီး ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူးရဲအုပ်မျိုးဇေမြင့်နှင့်တပ်ဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မရမ်းကုန်းသီလရက္ခိတကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရှင်ကေလာသမှ အနုမောဒနာတရားချီးမြှင့်၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းဆက် ကပ်လှူဒါန်းကာ အခမ်းအနားသို့ တက်ရောက်လာကြသော လူပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

R – 014 (ငွေဆောင်)