မြန်အောင် သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကညွှတ်ကုန်းရွာအုပ်စု ကညွှတ်ကုန်းရွာအနီး တစ်မိုင်ကျော်ခန့်အကွာ မမြဖေါက်ချောင်း ကမ်းပါးကျိုးပဲ့သည့်နေရာအား တာဘောင်ပိတ်ဆို့မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
တာဘောင်ပိတ်ဆို့မှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဌေး ဦးဆောင်မှုဖြင့် ဆည်/ရေဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများဖြင့် မမြဖေါက်ချောင်းကမ်းပါး အလျား ၃၅ ပေခန့် ၊ အနက် ၆ ပေခန့်ကျိုးပဲ့၍ ချောင်းရေစီးဆင်းနေမှုအား တာဘောင်ပိတ်ဆို့မှုလုပ် ငန်းများ ဆောင်ရွက်လျက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု၍ အနီးကပ်လမ်းညွှန်ကြီးကြပ်မှုဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)