စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

စလင်း သြဂုတ် ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို  ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  ပတ္တမြားအစည်းအဝေးခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဦးနေလင်းနိုင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်စား ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်စောဦးက အဂတိလိုက်စားမှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ  ဦးရန်အောင်က အဂတိလိုက်စားမှုဥပဒေဆိုင်ရာများနှင့်ပတ်သက်၍  အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးပြောကြားမှုများအပေါ်  သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာအဖွဲ့ဝင်အသီးသီးမှ  ပြန်လည်ဖြေကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)