ဆိပ်ဖြူမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဆိပ်ဖြူ ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်ကျင်းထိန်းသိမ်းနိုင်စေရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က အမှတ် (၁၂၄) သစ်စက်ဝန်းအတွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဌေး၊ မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များနှင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပျိုးပင်များ လက်ခံရယူကြသည်။

ဆက်လက်၍ စိုက်ပျိုးမည့် ကျွန်း၊ ကုက္ကို၊ ယင်းမာ၊ တမာပင်စသည့် ပျိုးပင်စုစုပေါင်း (၅၀၀) ပင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောက်ရှောက်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ညွန့်နန္ဒာတင်