မုံရွာ ဇူလိုင် ၃၁
မုံရွာမြို့နယ် သစ်တောဦးစီးဌာနနမှ ဦးဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းရာဇာက သစ်တောသစ်ပင်များ အရေးပါပုံ၊ သစ်တောများမှ ရရှိသော အကျိုးကျေးဇူး၊ သစ်တောများ ပျက်စီးပြုန်းတီးစေသည့် အကြောင်းအရင်း၊ သစ်တောဖုံးလွှမ်းမှု အခြေအနေ၊ သစ်ပင်တစ်ပင် ရှင်သန်ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်စိုက်ပျိုးနည်း၊ သစ်တောများနှင့် သဘာဝဘေးအန္တရာယ်၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းတွင် ပြည်သူလူထုများ ပါဝင်လာစေရန် ဌာနအနေဖြင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ ထပ်မံသိလိုသည့် မေးမြန်းမှုများကို မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)