ကဝ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားနေ၍ အခြေခံပညာကျောင်းနှစ်ကျောင်း ခေတ္တပိတ်ထားရကြောင်းသိရသည်။
ကဝမြို့နယ် ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၈၈၀) ဖြစ်ပြီး ယခုအခါ မိုးရွာသွန်းမှုများ၍ ပဲခူးမြစ်စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသောကြောင့် အေးမွန်ကျေးရွာ၊ အထက်တန်းကျောင်းနှင့် နဘဲပင်ကျေးရွာ၊ အလယ်တန်းကျောင်းအား ခေတ္တပိတ်ထားရကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုများအား ကဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)