ဒေးဒရဲမြို့နယ်၌  စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှုတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ကြည်မှုတိုးပွားစေရေးအတွက် မြို့နယ်အဆင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရေးအတွက် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများက ကဏ္ဍများ အလိုက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မြို့နယ်အဆင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပသွားမည့်လုပ်ငန်းများနှင့် မြို့နယ် အခြေခံပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်သို့ သွားလာရေးနှင့် ပြပွဲပြခန်းများ  ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှုတိုးပွားစေရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ၊ လူငယ်အသိပညာပေး ဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း