ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်း ၁၉ ကျောင်း ပြန်လည်ဖွင့်လှစ်

ပခုက္ကူ  ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ရေများဝင်ရောက်ခဲ့၍ ယာယီပိတ်ထားရသော စာသင်ကျောင်း ၂၅ ကျောင်းရှိရာ ယမန်နေ့မှစတင်ပြီး စာသင်ကျောင်း ၁၉ ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။ 

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် တဖြည်းဖြည်းကျဆင်းလာမှုကြောင့် ယမန်နေ့ကစတင်ပြီး ယနေ့အထိ ရေကျသွားသည့် မူလတန်း ၁၅ ကျောင်း၊ အလယ်တန်း ၃ ကျောင်းနှင့် အထက်တန်း ၁ ကျောင်း၊ စုစုပေါင်း အခြေခံပညာ ၁၉ ကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများအား ပုံမှန်အတိုင်း ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်း ယာယီပိတ်ထားရကြောင်း၊ ကျန်ရှိသည့် စာသင်ကျောင်းများကိုလည်း မြစ်ရေကျဆင်းပါက ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘာမီသာ(ပခုက္ကူ)