ဆိပ်ဖြူ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာတွင် ဂန္ဓမာပန်းကိုယ်တိုင်စိုက်ပျိုးသူများ အောင်မြင်ဖြစ် ထွန်း၍ ယခင်နှစ်ထက် ဂန္ဓမာပန်းဈေးပိုမိုရရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်ဟင်းသီး ဟင်းရွက်နှင့် ပန်းများကို ဥယျာဉ်ခြံမြေများ၌ နှစ်ပတ်လည်စိုက်ပျိုး၍ ထွက်ရှိလာသည့် ကုန်စိမ်းနှင့် ပန်းများကို ဆိပ်ဖြူမြို့နှင့် ချောက်မြို့ ဈေးကြီးများသို့ ရောင်းချလုပ်ကိုင်ကြပြီး လက်ရှိအချိန်တွင် ဂန္ဓာပန်းများလှိုင်လှိုင်ပေါ်ထွက်နေပြီး ဈေးကွက် ရရှိနေကြာင်းသိရသည်။
ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးသူများသည် ပြင်ဦးလွင်မှ ဂန္ဓမာပျိုးများတစ်ပင်လျှင် (၁၅) ကျပ်နှုန်းဖြင့် မှာယူ၍ ဝါဆိုလနှင့် ဝါခေါင်လတို့တွင် စတင်စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးပြီး သုံးလအကြာတွင် စတင်ရောင်းချပြရကြောင်း ယခုနှစ်တွင် အနီမျိုး၊ စံပယ်ဖြူနှင့် အဝါ ဟူ၍ ဂန္ဓမာမျိုး (၃) မျိုး စိုက်ပျိုးထားရှိကာ စံပယ်ဖြူနှင့်အဝါပွင့်သည့် ဂန္ဓမာမျိုး များက အနီပွင့်သည့် ဂန္ဓာမျိုးထက် ဈေးပိုရကြောင်း အနီပွင့်သည့် ဂန္ဓာမျိုး တစ်ခိုင်လျှင် (၃၀၀) ကျပ်ဖြင့် ရောင်းရလျှင် စံပယ်ဖြူ နှင့်အဝါ ပွင့်သည့် ဂန္ဓမာမျိုးများက တစ်ခိုင်လျှင် (၅၀၀) ကျပ် ဖြင့် ရောင်းချရကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သော်လည်း ဂန္ဓမာပန်းရောင်းချနေ သူများအနေဖြင့် ဂန္ဓမာပန်းဈေးကွက်တွင် ပန်းတစ်ခိုင်လျှင် (၄၀၀) ကျပ်မှ (၆၀၀) ကျပ်အထိ ရောင်းချရသည့် အတွက် ယခင်နှစ်ထက် ပန်းဈေးပိုမိုရရှိ၍ အဆင်ပြေကြောင်း ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်း စိုက်ပျိုးသူများနှင့် ပန်းရောင်း ချသူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)