ရွှေသောင်ယံမြို့၊ အုန်းချောင်း၊ ကရင်နှစ်ခြင်းအသင်းတော်ကျောင်း၌ မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနှင့် ခရစ်ယာန်လူငယ်ခေါင်းဆောင်များ တွေ့ဆုံမိတ်သဟာဆုတောင်းပွဲကျင်းပ

ရွှေသောင်ယံ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စု ၊ အုန်ချောင်းကျေးရွာ အုန်းချောင်းကရင်နှစ်ချင်းအသင်းတော်ကျောင်း၌ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီနှင့် ခရစ်ယာန်လူငယ်ခေါင်းဆောင်များတွေ့ ဆုံမိတ်သဟာဆုတောင်းပွဲ အခမ်းအနားကိုကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်ရှေးဦးစွာ အခမ်းအနားစတင်ကြောင်းကြေငြာ၍ သံစုံတီးဝိုင်းဖြင့်ချီးမွမ်းခြင်း၊ ဒေါက်တာစောလယ်ထူးမှ အဖွင့်စကားပြောကြားခြင်း၊ မိတ်ဆက်ခြင်း၊ တက်ရောက်လာသူများမှ ဓမ္မသီချင်းသီဆိုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်မှ တိုင်းရင်းသားများညီညွတ်စွာ ပေါင်းသင်းနေထိုင်ကြရန် လိုအပ်ကြောင်း၊ ညီရင်းအကိုလိုသဘောထားလျှက် ပေါင်းဖော်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်ပြီး အလွန်တင့်တယ်လျှောက်ပတ်ပေ၏ တရားအားရှင်းလင်းခြင်း၊ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ အမှာစကားပြောကြားခြင်း၊ ဗဟိုအကြံပေးအဖွဲ့ဝင်များမှ ငြိမ်းချမ်းရေး အကြံပြုစကားပြောကြားခြင်း၊ ငြိမ်းချမ်းရေးဆုတောင်းကြခြင်း၊ Love or Peace ငြိမ်းချမ်းရေးကို ချစ်ခင်ကြရန်ပြောကြားခဲ့သည်။

ထို့နောက်မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ပြည်သူလူထုနှင့် ပြန်လည်တွေံဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် လိုက်ပါလာသော အကြီးအကဲများမှ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် တစ်ဦးချင်း ဆက်လက်ဟောပြောခဲ့ကြကာ ဖရောင်းတိုင်မီးများအားထွန်းညှိ၍ ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် အ.ထ.က(ရွှေသောင်ယံ)၊ အ.ထ.က(အုန်းချောင်း)၊ အ.ထ.က(သဘော့ကန်)ရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအုပ်ဆရာမကြီးများအား ဂုဏ်ပြုဆုငွေများပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ရွှေသောင်ယံ ပြန်/ဆက်