ညောင်လေးပင်မြို့နယ်၌ ရေကြီး‌ရေလျှံမှုဖြစ်၍ အခြေခံပညာကျောင်းနှစ်ကျောင်း ခေတ္တပိတ်ထားရ

ညောင်လေးပင် ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားနေ၍ အခြေခံပညာကျောင်းနှစ်ကျောင်း ခေတ္တပိတ်ထားရကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် မဒေါက်မြို့စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၀၇၀ ဖြစ်ပြီး ယခုအခါ မိုးရွာသွန်းမှုများ၍ စစ်တောင်းမြစ်စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ ၁၁၈၈ အထိ ရာက်ရှိနေသောကြောင့် ရေပေါ်သောင်ကျေးရွာ အလယ်တန်းကျောင်းနှင့် ဖိုးတုပ္ပုံ ရွာမ မူလတန်းလွန်ကျောင်းတို့ ခေတ္တပိတ်ထားရသည်။

အဆိုပါ ရေကြီးရေလျှံမှုများ‌အား ညောင်လေးပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)