ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငပုဝောာ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကစာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရှိသူများ၊  အောင်မြင်သူများအား ဆုများချီးမြှင့်နိုင်ရေး၊ ဌာနဆိုင်ရာရုံးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ကော်ဖီပင်များစိုက်ပျိုးနိုင်ရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းက လုံခြုံရေးဆိုင်ရာ အသိပညာပေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်လိုအပ်ချက်များတင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ( ငပုတော)