ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS)သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ တင်ပြသည့်အခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS)သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ တင်ပြသည့်အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကိုလတ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းလတ်၊ တောင်ငူခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်မေမြတ်နိုးသိမ့်၊ ကျောက်ကြီးမြို့နယ်ရွေးကာက်ပွဲအရာရှိ ဒေါ်ခင်ခြူးခြူးခိုင်၊ တောင်ငူမြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ချယ်ရီ၊ ထန်းတပင်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးငြိမ်းချမ်းဇော်၊ ဖြူးမြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်အေးပွင့်ဖြူ၊ ရေတာရှည်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ထက်ထက်ကျော်နှင့် အုတ်တွင်းမြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရမျိုးတို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များမှ ရွေးကောက်ပွဲအရာရှိများက မြို့နယ်များအလိုက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS)သို့ မဲရုံအလိုက်တင်သွင်းသည့် အခြေအနေများ၊ ဆောင်ရွက်မည့်မဲရုံတည်နေရာ၊ မဲရုံအရေအတွက်နှင့် မဲပေးမည့်ဦးရေ၊ နယ်မြေအခြေအနေအရ မဲပေးရန်ခက်ခဲသည့် မဲရုံများ၊  ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မဲရုံများအခြေအနေနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မဲရုံအခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)