ညောင်တုန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဂန်ချောင်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကြမှုကြောင့် ကြိုတင်ပြောင်းရွေ့ရသည့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ရန်ပုံငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းထောက်ပံ့ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြမ္မာပြာသာကျေးရွာအုပ်စုနှင့် ဆင်ထုံးကျေးရွာအုပ်စုတို့မှ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ရသည့် နေအိမ်(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ်(၁၆၀၀၀၀၀)၊ ဆန်ရိက္ခာရန်ပုံငွေကျပ်(၆၃၀၂၃)၊ စုစုပေါင်းငွေကျပ် (၁၆၆၃၀၂၃)နှင့် ဆပ်ပြာ (၁၆)တုံးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘေးသင့်ပြည်သူများထံ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)