မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

‌မင်းဘူး  ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မင်းဘူးခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယမန်နေ့နံနက် ၁၀ နာရီအထိ ငွေ (၈၂၀၄.၅၀) ကျပ်သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု (၂၀) အုပ်စု၊ တောင်သူ (၆၃၄) ဦးအား စပါးတစ်ဧကအတွက် ငွေ (၁၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၄၀၅) ဧက၊ ယာသီးနှံများအတွက် တစ်ဧက ငွေ (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် နှမ်းသီးနှံ (၃၀၉၇) ဧကဖြစ်၍ ဧကစုစုပေါင်း (၆၅၀၂) ဧကအတွက် ငွေ (၈၂၀၄.၅၀) ကျပ်သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မင်းဘူးခရိုင်ဘဏ်ခွဲမှသိရပြီး မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ငွေကျပ်သိန်း (၆၀၀,၀၀)  ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)