စလင်း ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူလူငယ်များအား အစားအသောက်နှင့် စားသုံးရန်မသင့်သည့် တားမြစ်ထားသည့် စားသောက်ကုန်အမှတ်တံဆိပ်နှင့် ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် အဆင်ပြေစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ ဗိုလ်ဥတ္တမ စာသင်ဆောင်တွင် ယနေ့နံနက်(၉)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး တာဝန်ခံ ဦးဆန်းလင်းမောင်က ဟောပြောဆွေးနွေးရာ မိမိတို့စားသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်းပေါ်ပေါက်လာပုံနှင့် စတင်တည်ထောင်သည့်ခုနှစ်တို့ကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အစားအသောက်နှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ကုန်ပစ္စည်းများအကြောင်းနှင့် ကုန်ပစ္စည်းများကို ထုတ်လုပ်သူ လုပ်ငန်းရှင်များမှ ပြည်သူများစားသောက်ကုန်ပစ္စည်းများကို ဝယ်ယူရာ၌အခက်အခဲမဖြစ်ပေါ်စေရေး၊ သတ်မှတ်စျေးနှုန်းထက်စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန် ကန့်သတ်တားမြစ်သည့် စားသောက်ကုန်ပစ္စည်းများကို သိုလှောင်သိမ်းဆီး၍ ပြည်သူများအား ဖြန့်ဖြူးရောင်းချခြင်းများမပြုကြရန် ဖြန့်ဖြူးရောင်းချပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်းနှင့် အစားအသောက်များတွင် ဖြစ်ပွားတတ်သော မှိုရောဂါများအကြောင်း မှိုတက်သော အစားအစာကုန်ပစ္စည်းများကို စားသောက်ရာမှ ဆိုးကျိုးများရရှိလာစေနိုင်ကြောင်း၊ ဓာတုဆေးဝါးများကို အလွန်အကျွံထည့်သွင်းသုံးစွဲ၍ ဘေးအန္တရာယ်ရှိစေနိုင်၍ စားသောက်ကုန်ပစ္စည်းများကို ထုတ်ပိုးရောင်းချရာ၌ ထုတ်လုပ်သည့်ရက်စွဲ အမည်နေရပ်လိပ်စာနှင့်တကွ ပြည်သူများ ဖတ်ရှုရလွယ်ကူအောင် မြန်မာဘာသာနှင့် ထည့်သွင်းဖော်ပြကြရန်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသား ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)