ပဲခူး ဇူလိုင် ၂၄
ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ "မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ် (Community Center) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းယုမော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာနှင့် သစ်ပင်စိုက်ပျိုး၊ ပြုစုထိမ်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များအား အသိပညာပေးဟောပြောခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သဲကန္တာရတိုက်ဖျက်ရေး Video Clip အား ပြသခဲ့သည်။
ထို့နောက် ပဲခူးတက္ကသိုလ်၏ ၂၀၂၄ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲတော်အား ပဲခူးတက္ကသိုလ် စန္ဒကူးအဆောင်ရှေ့ရှိ မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တက္ကသိုလ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပပြီး အရိပ်ရအပွင့်ပွင့်သည့် အမြင့် (၃) ပေနှင့်အထက်ရှိ ကံ့ကော်၊ ခရေ၊ ငုရွှေဝါ၊ ပျဥ်းမ၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ တပေဘူတအဝါရောင်၊ တပေဘူတပန်းရောင်အပင်မျိုး (၉) မျိုး၊ ပျိုးပင်ပေါင်း (၁၂၂) ပင်အား ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချူပ် ဦးဆောင်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးတို့မှ စုပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)