စစ်ကိုင်း ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီက စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က သဘာဝဘေးဆိုတာ ကြိုတင်ခန့်မှန်းရမလွယ်တဲ့အတွက် ကျရောက်လာပါကလည်း ကာကွယ်တားဆီးလို့ခက်ခဲတာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရန်/ ရှောင်ရန်အချက်များကို စာတွေ့/ လက်တွေ့ ယခုသင်တန်းမှ ပို့ချပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း မိမိတို့မိသားစု၊ မိမိတို့ဒေသနှင့် နိုင်ငံတော်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အကျိုးရှိအောင်ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားစွာလေ့လာမှတ်သားသွားကြပါလို့ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလှိုင်က သင်တန်းများဖွင့်လှစ်ပေးနိုင်ခဲ့မှုနှင့် ယခုသင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးကာ သင်တန်းအား စတင်ပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို (၃) ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာများ၊ လှုမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်း (ပြန်/ဆက်)