ဝါးခယ်မ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ရွားခယ်မမြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ရွှေလောင်းမြစ်ရေမြင့်တက်လာပြီး စာသင်ကျောင်းများ ယာယီပိတ်သိမ်းထားရှိရကြောင်း သိရသည်။
ဝါးခယ်မမြို့၏ ရေမိုင် (၂၅) မိုင်ခန့်အကွာ ဟင်္သာဒုံကျေးရွာအုပ်စုရှိ အ.ထ.က(ခွဲ) ကုလားကျွန်းကျောင်း၊ ရေမိုင် (၂၀) မိုင်ခန့်အကွာ တြိန်းကျွန်းကျေးရွာအုပ်စုရှိ မူလွန်ရတနာ (သောင်သစ်) ကျောင်းနှင့် ရေမိုင် (၈) မိုင်ခန့်အကွာ မင်းလံကစကဲကျေးရွာအုပ်စုရှိ အ.လ.က (ခွဲ) ကစကဲစံပြ စာသင်ကျောင်း (၃) ကျောင်းမှာ မိုးရွာသွန်းမှုကြောင့် ရွှေလောင်းမြစ်ရေ မြင့်တက်လာပြီး စာသင်ကျောင်းဝန်းအတွင်း မြစ်ရေများဝင်ရောက်၍ စာသင်ကျောင်း (၂) ကျောင်းမှာ ယာယီပိတ်သိမ်းထားရှိပြီး အစားထိုးပြန်လည်တက်ရောက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီပိတ်သိမ်းထားရသည့် စာသင်ကျောင်းများအား အစားထိုးပြန်လည်တက်ရောက်နိုင်ရေးအတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)