(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂/၂၀၂၄)ကျင်းပ

ဟင်္သာတ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဥ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ဇူလိုင် ၂၃ ရက်နေ့ညနေ ၄ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက "ခရိုင်အဆင့်ပြိုင်ပွဲဖြစ်တဲ့အတွက် မြို့နယ်များမှ ပြိုင်ပွဲဝင်များကို စနစ်တကျ လေ့ကျင့်ရွေးချယ်ပေးရန်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်များအတွင် စစ်မှန်ထူးချွန်သော ပြိုင်ပွဲဝင်များဖြစ်အောင် သက်ဆိုင်ရာကော်မတီများက ပူးပေါင်းဆောင်ရွက်ကြရန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုကို ချစ်မြတ်နိုးပြီး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေး လူငယ်လူရွယ်များအား လေ့ကျင့်ပျိုးထောင်ပေးကြရန်" စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့်ကော်မတီဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော ကော်မတီ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမူအခြေအနေများ၊ ပြိုင်ပွဲဝင်များ လေ့ကျင့်နေမူအခြေအနေများ၊ ဆက်လက်ချိတ်ဆက် ဆောင်ရွက်မည့်လုပ်ငန်းများ အကြောင်းရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီများအလိုက် ရှင်းလင်းတင်ပြမူများ၊ မြို့နယ်သဘင်၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)