မော်လမြိုင်ကျွန်း နိုဝင်ဘာလ ၁၈
မော်လမြိုင်ကျွန်းမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြို့နယ့်အတွင်းရှိဌာနဆိုင်ရာများနှင့် အော်တိုတယ်လီဖုန်း တပ်ဆင်ထားရှိသူများအနေဖြင့် လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် MPT မြန်နှုန်းမြင့် Internet ဆက်ကြောင်းဖြစ်သော ADSL Application နှင့် B 2 B MPT Fiber Internet Service Application တို့အား တပ်ဆင်အသုံးပြုနိုင်ရေး လျှောက်လွှာများ တင်သွင်းခြင်းကို စတင်ဆောင် ရွက်နိုင်ပြီဖြစ်သည်။
အဆိုပါ ADSL Application တပ်ဆင်နိုင်ရေးအတွက် ကနဦး (၅၀,၀၀၀) ကျပ် ပေးသွင်းရမည်ဖြစ်ပြီး လစဉ်ကြေးအနေနှင့် (1) Mak- ၂၀,၀၀၀ ကျပ်၊ (2) Mak- ၃၈,၀၀၀ ကျပ်၊ (3) Mak- ၅၅,၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ပြီး မြို့နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) စီးပွားရေးတာဝန်ခံ ဒေါ်မြင့်မြင့်အေးထံတွင် လျှောက်လွှာများတင်သွင်း ဆောင်ရွက် နိုင်ကြောင်း သတင်းရရှိသည်။
အောင်အောင် (ပြန်/ဆက်)