ပန်းတောင်း ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ပေါ်တော်မူ(ရှင်ဖြူ)ဘုရားရေဘေးကယ်ဆယ်ရေးစခန်းရှိ ဝန်လို/စည်သာ/ဖောင်းကန်ရပ်ကွက်တို့မှ ရေဘေးသင့်မိသားစု(၁၉၀)စုအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အငြိမ်းစားဗိုလ်မှူးကြီးတင်လှိုင်နှင့် ဇနီးဒေါ်ခင်လှလှမိသားစုမှ အလှူငွေ(၅)သိန်းကျပ်နှင့် ဒေါ်ခင်လှလှပညာရေးဖောင်ဒေးရှင်း(ပန်းတောင်းအဖွဲ့)မှ အလှူငွေ(၂)သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူရှင်မိသားစုကိုယ်စားဆရာကြီးဦးတင်ထွဋ်မှ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရထံသို့ ယမန်နေ့ညနေ(၄)နာရီအချိန်တွင် လှူဒါန်းပေးခဲ့ရာ ရေဘေးကယ်ဆယ်ရေးစခန်းရှိ မိသားစုများအားနံနက်စာအဖြစ် ချက်ပြုတ်ကျွေးမွေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)