ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်

ပေါင်းတည် ​ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်ညွှန်ကြားမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး​​၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းသန်းချစ်နှင့် ဒေါက်တာကျော်သူရထွန်းတို့က အနီးကပ်ကြီးကြပ်ကာ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများထောက်ပံ့ပေးခြင်း၊ ထိုးနှံပေးခြင်းနှင့်ကျန်းမာရေးလေ့ကျင့်ခန်းများ​ပြုလုပ်ပေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက် )