ဇီးကုန်းမြို့နယ်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ဇီးကုန်း ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသန့်နှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ဆောင်ထားသင့်သည့်အချက်များ၊ ရေကြီးရေလျှံမှုများဖြစ်လာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပြည်သူလူထု သိရှိဆောင်ရွက်နိုင်စေရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်နှိုးဆော် အသိပေးခဲ့ကြပြီး၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာများ ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)