ပခုက္ကူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်သည်ပွဲစားများအသင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စတင်ပြီး ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ပခုက္ကူမြို့၊ ဆန်လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့်ဆန်ကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးကို ငါးပြည်နှုန်းစီရောင်းချပေးရာ လာရောက်ဝယ်ယူသည့် ပြည်သူပေါင်း ၂၀၀ ဦး ကျော်ရှိကြောင်း၊ ဇူလိုင်လ ၈ ရက်တွင်လည်း ဆန်တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ပြည်သူပေါင်း ၁၅၀ ဦးထံ ရောင်းချခဲ့ကြောင်း၊ အသင်း၏ဦးဆောင်မှုဖြင့် တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် စက်တင်ဘာလအထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ ဆန်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမြင့်သန်း၏ ပြောကြားချက်အရ သိရသည်။
ဘာမီသာ(ပခုက္ကူ)