ပုသိမ် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များက ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်နှင့် ကမ်းနီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)