သရက် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧကာဒသမအကြိမ် ချမ်းမြေ့ငြိမ်းအေးဓမ္မအုတ်မြစ်လှူဒါန်းခြင်း၊ စာအောင်သီလရှင်နှင့်စာအောင်ပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုနှင်းသဘင်ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မစိုးရိမ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နမောတဿကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ပြီး ကျိုက်ဒေးယျုံကျောင်းတိုက်ဆရာတော်ထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ချမ်းမြေ့ငြိမ်းအေးဓမ္မအုတ်မြစ်နှင့် နဝကမ္မအလှူငွေများကို တိုက်ပြာစာပေနှင့်စတိုးမိသားစုများမှ ဆရာတော်သံဃာတော်မျာအား လှူဒါန်းဆပ်ကပ်ကြသည်။
ထို့နောက် သံဃာတော်အရှင်မြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုကို ချမ်းမြေ့ငြိမ်မ်းအေးဓမ္မာမိတ်ဆွေများက ဆက်ကပ်လှူဒါန်းကြပြီး စာအောင်သီလရှင်နှင့်စာအောင်ပုဂ္ဂိုလ်များအား တစ်ဦးချင်းချီးမြှင်ခဲ့ကြကာ စမုတ်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)